အီရန်သမ္မတက ဂါဇာကမ်းမြောင်အရေးနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ အမေရိကန်တို့ကို အပြစ်တင်

အီရန်သမ္မတ Ebrahim Raisi ဟာ ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခနဲ့ပတ်သက်ပြီး အစ္စရေးနဲ့အမေရိကန်တို့ကို ပြင်းပြင်းထန်ထန် အပြစ်တင်ကြောင်း ထပ်လောင်း ပြောကြားလိုက်ပါတယ်။

သမ္မတ Raisi ဟာ မြို့တော် တီဟီရန်မှာ တနင်္ဂနွေနေ့က အစ္စလာမစ် တော်လှန်ရေး ၄၅ နှစ်မြောက် အထိမ်းအမှတ်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
တကယ်လို့ လူတွေက အစ္စရေးနဲ့အမေရိကန်တို့ရဲ့ အကြောင်းကို သိချင်တယ်ဆိုရင် ပါလက်စတိုင်းလူမျိုးတွေအပေါ် သူတို့ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ သက်သေပြလို့ရတယ်လို့ မစ္စတာ Raisi က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အခုအခါ အဲဒီရာဇ၀တ်မှုတွေကို ထောက်ခံသူ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အနောက်နိုင်ငံတွေဟာ အီရန်အနေနဲ့ ပါလက်စတိုင်းတွေကို မထောက်ခံဖို့ အများကြီး လုပ်ဆောင်ခဲ့ပေမဲ့ ပါလက်စတိုင်းပြဿနာဟာ အစ္စလာမ်ကမ္ဘာရဲ့ ပထမဦးစားပေးဖြစ်တယ်လို့ မစ္စတာ Raisi က ပြောပါတယ်။
အီရန်ဟာ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်နဲ့ တခြားစစ်သွေးကြွတွေကို ကျောထောက်နောက်ခံ ပေးထားပါတယ်။
အစ္စလမ်မစ်တော်လှန်ရေး ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဆင်နွှဲဖို့ ပါလက်စတိုင်း အလံတွေကို ကိုင်ဆောင်ထားသူတချို့ပါဝင်တဲ့ အီရန်နိုင်ငံသား လူအုပ်ကြီးတွေဟာ ရင်ပြင်တွေမှာ စုဝေးပြီး နိုင်ငံ တဝန်းက လမ်းတွေပေါ်မှာ ချီတက်ခဲ့ကြပါတယ်။
၁၉၇၉ တော်လှန်ရေးဟာ အမေရိကန်လိုလားတဲ့ Pahlavi မင်းဆက်ကို ဖြုတ်ချရေးဖြစ်လာခဲ့ပြီး လက်ရှိမှာ အခုခေတ် အီရန်အစ္စလာမစ်သမ္မတနိုင်ငံကို ဖြစ်လာစေစေပါတယ်။