ငလျင်လှုပ်ပြီး သီတင်း ၆ ပတ်ကြာပြီးနောက် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်

နှစ်ဆန်း ၁ ရက်နေ့က ဂျပန်နိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တာ သီတင်း ၆ ပတ်ကြာပြီးတဲ့နောက် ပြန်လည်နာလန်ထူလာရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

ထိခိုက်ပျက်စီးမှုတွေ အများစုဖြစ်ခဲ့တဲ့ နိုတိုကျွန်းဆွယ်မှာ စေတနာ့ဝန်ထမ်းတွေဟာ အကူအညီတွေ ပေးနေကြပေမဲ့ သူတို့တတွေအတွက် တည်းခိုစရာနေရာကတော့ ရှားပါးလှပါတယ်။
သူတို့တတွေ လုပ်ကိုင်လှုပ်ရှားရတဲ့အခြေစိုက်နေရာတွေနဲ့ အခြေခံအဆောက်အအုံတွေ ပိုမိုကောင်းမွန်တဲ့ အိရှိခါဝခရိုင် ခါနာ့ဇာဝမြို့တို့အကြားကို အချိန်အတိုင်းအတာတစ်ခုအထိ ပေးပြီး ဘတ်စကားနဲ့ သွားလာကြရပါတယ်။
နိုင်ငံတဝန်းက ပေးပို့တဲ့ အထောက်အပံ့ပစ္စည်းတွေဟာ အထိအနာဆုံးမြို့ဖြစ်တဲ့ ဝါဂျီးမမြို့ဆီ ရောက်ရှိလာနေပါတယ်။
Koyama Masaki ဟာ ယွန်းထည် ရိုးရာတူပြုလုပ်တဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့အလုပ်ရုံရော၊ နေအိမ်ပါ ပျက်စီးသွားတဲ့အတွက် သူဟာ အလုပ်ဆက်လုပ်လို့ မရတော့ပါဘူး။
ဘေးအန္တရာယ် ကျရောက်ခဲ့ပြီးကတည်းက သူဟာ အထောက်အပံ့ပစ္စည်းတွေ စီမံခန့်ခွဲကို လုပ်ဆောင်နေခဲ့ပါတယ်။
မစ္စတာ Koyama က "ကျနော့်ထက် ပိုပြီးတော့ ခက်ခဲတဲ့သူတွေရှိပါတယ်၊ အဲဒီတော့ သူတို့တတွေကို ကူညီပေးဖို့ တစ်ခုခုကို ကျနော်လုပ်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်" လို့ ပြောပါတယ်။
ဒီအတောအတွင်း ဝါဂျီးမမြို့အုပ်ချုပ်ရေးအဖွဲ့က ပျက်စီးသွားတဲ့အဆောက်အဦတွေ ဖျက်သိမ်းဖို့အတွက် ပြည်သူ့ရန်ပုံငွေအသုံးပြုရေးနဲ့ပတ်သက်ပြီး တသီးပုဂ္ဂလဆိုင်ရာ အတိုင်ပင်ခံတာတွေကို စတင်လုပ်ဆောင်နေပါပြီ။
အိရှိခါဝခရိုင်မှာ နေအိမ်ပေါင်း ၆၀,၀၀၀ ကျော်ဟာ လုံးဝ ဒါမှမဟုတ် တစိတ်တပိုင်း ပျက်စီးသွားခဲ့ပါတယ်။ မြို့အရာရှိတွေက အခုအထိတော့ စုံစမ်းမေးမြန်းမှု ၅၀၀ လောက် သူတို့ လက်ခံရရှိထားတယ်လို့ ပြောပါတယ်။
လူ ၂၄၁ ဦး သေဆုံးသွားခဲ့တာကို အတည်ပြုထားပြီး ဖြစ်ပြီး၊ အဆိုးရွားဆုံးထိခိုက်ခဲ့ရတဲ့ အိရှိခါဝခရိုင်မှာ အနည်းဆုံး လူ ၂၃,၀၀၀ ဟာ ခိုလှုံရေးစခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။