တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်း ကုန်ဈေးနှုန်း အညွှန်းကိန်း စံချိန်တင်မြင့်တက်

တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်း ကုန်ဈေးနှုန်း အညွှန်းကိန်း (PPI) ဟာ စက်တင်ဘာလမှာ ပြီးခဲ့တဲ့နှစ်က အလားတူကာလထက် ၁၀.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အဲဒီအချက်အလက်တွေ ပထမဆုံးထုတ်ပြန်ခဲ့တဲ့ ၁၉၉၆ ခုနှစ် နောက်ပိုင်း မြင့်တက်မှု အမြန်ဆုံးနှုန်း ဖြစ်နေပါတယ်။
စက်ရုံက ထုတ်လုပ်ခဲ့ချိန်ကစပြီး ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းအပြောင်းအလဲတွေကို တွက်ချက်ထားတဲ့ အဲဒီအညွှန်းကိန်းကို တရုတ်စာရင်းအင်းဗျူရိုက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရေနံစိမ်း၊ ကျောက်မီးသွေးနဲ့ သတ္တုတွေအပါအဝင် ကုန်ကြမ်းပစ္စည်းတွေရဲ့ စျေးနှုန်းတွေ တက်လာတာဟာ PPI တက်လာရတဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။
စက်တင်ဘာလမှာ PPI ၁၀.၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ဒါဟာ သြဂုတ်လကထက် ၁.၂ ရာခိုင်နှုန်းမှတ် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
PPI တက်လာတာကြောင့် စီးပွားရေးလုပ်ငန်းတွေအပေါ် ဖိအားတွေ တိုးလာပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးထိုင်းမှိုင်းမှု ပိုပြီးဆိုးရွားလာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။