တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၆၂ ဦး အတည်ပြု

ကြာသပတေးနေ့က တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၆၂ ဦး ရှိကြောင်း အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

တစ်နေ့တာကူးစက်မှုပမာဏ ရာဂဏန်းအောက်လျော့ကျတာ ၆ ရက်ဆက်တိုက် ရှိသွားပြီဖြစ်ပါတယ်။
ရောဂါပြင်းထန်သူအရေအတွက် ၄၀ ဦး ရှိတယ်လို့ မြို့အုပ်ချုပ်ရေးအရာရှိတွေက ဆိုပါတယ်။