LDP ကြီးစိုးမှု အဆုံးသတ်စေမယ်လို့ ဂျပန့်အဓိက အတိုက်အခံပါတီခေါင်းဆောင်ပြောကြား

လာမယ့်ရွေးကောက်ပွဲမှာ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီရဲ့ ကြီးစိုးမှုကို အဆုံးသတ်စေဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဂျပန့် အကြီးဆုံး အတိုက်အခံပါတီ ခေါင်းဆောင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Constitutional Democratic Party ရဲ့ ခေါင်းဆောင် Edano Yukio က ကြာသပတေးနေ့ဟာ လွန်ခဲ့တဲ့ နှစ် ၁၅၀ ကျော်က အဲဒိုးစစ်သူကြီးအစိုးရ အဆုံးသတ်တဲ့နေ့ဖြစ်တယ်လို့ NHK ကို ပြောပါတယ်။
အောက်လွှတ်တော် ဖျက်သိမ်းချိန်မှာ တစ်ပါတီကြီးစိုးတဲ့ ဂျပန့်နိုင်ငံရေးကို အဆုံးသတ်စေရမယ်ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒတွေ ပေါ်လာခဲ့တယ်လို့ မစ္စတာ Edano က ပြောပါတယ်။