အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ဂျပန်အောက်လွှတ်တော်ကို ဖျက်သိမ်း

အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက် ဂျပန်အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ဂျပန်အောက်လွှတ်တော် ဥက္ကဋ္ဌက အဲဒီလို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီး အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ မဲပေးမှုနဲ့ မဲရေတွက်မှုတွေကို ပြုလုပ်ဖို့ ကြာသပတေးနေ့ အနှောင်းပိုင်းမှာ အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်မှုတွေကို လာမယ့် အင်္ဂါနေ့၊ အောက်တိုဘာလ ၁၉ ရက်မှာ တရားဝင် စတင်မှာဖြစ်ပါတယ်။
ဒါဟာ ၄ နှစ် အတွင်းမှာ ပထမဦးဆုံး အောက်လွှတ်တော် ရွေးကောက်ပွဲ ဖြစ်လာမှာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တုံ့ပြန်ကိုင်တွယ်ရေးနဲ့ စီးပွားရေး ပြန်လည်ထူထောင်ရေးတွေက မဲဆွယ်မှုရဲ့ ထိပ်တန်းအလေးပေး အကြောင်းအရာတွေ ဖြစ်လာဖွယ်ရှိနေပါတယ်။