Mitsubishi Electric ကုမ္ပဏီက ရေခဲသေတ္တာ ထုတ်လုပ်မှုတွေကို ဆိုင်းငံ့

အရှေ့တောင်အာရှဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေတဲ့အတွက် စက်ပစ္စည်းအစိတ်အပိုင်းတွေ ပို့ဆောင်ရေးမှာ ထိခိုက်မှု ရှိခဲ့ပြီး ဂျပန့်ကားကုမ္ပဏီတွေဟာ ထုတ်လုပ်ရေးတွေကို လျှော့ချခဲ့ရပါတယ်။

အခုအခါ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတွေဟာလည်း အလားတူ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ Mitsubishi Electric ကုမ္ပဏီဟာ အောက်တိုဘာလ ၂၅ရက်နေ့အထိ အိမ်သုံးရေခဲသေတ္တာထုတ်လုပ်မှုတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။
ကုမ္ပဏီရဲ့ အိမ်သုံးရေခဲသေတ္တာ ထုတ်လုပ်တဲ့ စက်ရုံဟာ ဂျပန်နိုင်ငံ အလယ်ပိုင်း ရှီဇုအိုက ခရိုင်မှာရှိပေမယ့် အရှေ့တောင်အာရှဒေသက ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အခြေအနေကြောင့် အဲဒီဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် စက်ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်တဲ့စက်ရုံတွေ ရပ်တန့်ထားရပါတယ်။
ထုတ်လုပ်ရေး ပြန်စနိုင်တဲ့အခါကျရင် အခုလိုရပ်တန့်ခဲ့ရလို့ ရေခဲသေတ္တာထုတ်လုပ်မှုပမာဏ လျော့နည်းခဲ့ရတာကို ကာမိအောင် ထုတ်နိုင်ဖို့ မျှော်လင့်ကြောင်း Mitsubishi Electric ကုမ္ပဏီက ပြောပါတယ်။
အရှေ့တောင်အာရှဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန့်ပွားနေတာကြောင့် ဂျပန်ကားကုမ္ပဏီတွေဖြစ်တဲ့ Toyota နဲ့ Honda ကုမ္ပဏီတွေဟာ သူတို့ရဲ့ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်းကို လျှော့ချထားရပါတယ်။