ဂျပန်သံတမန်ဟောင်း Sugihara အထိမ်းအမှတ်ရင်ပြင် ဂျေရုစလင်မှာ ဖွင့်လှစ်

ဒုတိယကမ္ဘာစစ်အတွင်း Lithuania မှာ တာဝန်ထမ်းဆောင်နေစဉ် ထောင်နဲ့ချီတဲ့ ဂျူးလူမျိုးတွေကို ဂျပန်သံတမန်ဟောင်းတစ်ဦးဟာ ကယ်တင်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံ ဂျေရုစလင်မြို့က ရင်ပြင်တစ်ခုကို သူ့ရဲ့အမည်ပေးခဲ့ပါတယ်။

နာဇီဂျာမနီတွေရဲ့ နှိပ်စက်ညှင်းပန်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဂျူးဒုက္ခသည်တွေကို ဂျပန်သံတမန် Sugihara Chiune က ခရီးတစ်ထောက်ဗီဇာ ထုတ်ပေးခဲ့ပါတယ်။ အဲဒီဗီဇာကြောင့် ဂျူးလူမျိုး ၆,၀၀၀လောက် ကို ကယ်တင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီဗီဇာကို“visas for life” လို့ လူသိများလာခဲ့ပါတယ်။
တနင်္လာနေ့က ကျင်းပခဲ့တဲ့ "Chiune Sugihara Square" ဖွင့်ပွဲအခမ်းအနားကို လူ ၇၀ လောက်တက်ရောက်ခဲ့ကြပါတယ်။
အဲဒီအခမ်းအနားကို ဘယ်လ်ဂျီယံနိုင်ငံမှာ နေထိုင်တဲ့ မစ္စတာ Sugihara ရဲ့သားဖြစ်သူ အသက် ၇၂ နှစ်အရွယ် မစ္စတာ Nobuki ၊ အဲဒီဗီဇာကြောင့် လွတ်မြောက်နိုင်ခဲ့တဲ့ ဂျူးလူမျိုးတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ကမ္ဘာတစ်ဝန်းက အထင်ကရနေရာတွေကို ကြီးမြတ်တဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ခဲ့ကြတဲ့သူတွေရဲ့ အမည်ကိုပေးကြပြီး ဂျေရုစလင် ပတ်ဝန်းကျင်မှာလည်း Sugihara ကို အောက်မေ့တဲ့အထိမ်းအမှတ်နေရာတစ်ခုရှိတာ ဟာဝမ်းမြောက်ဖွယ်ကောင်းတယ်လို့ အသက် ၉၄နှစ်အရွယ် ဂျူးအမျိုးသားတစ်ဦးက ပြောခဲ့ပါတယ်။