တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၇၇ ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က မြို့တော်တိုကျိုအတွင်း အင်္ဂါနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၇၇ ဦး ရှိတယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

တစ်နေ့တာကူးစက်ခံရသူ ၁၀၀ အောက်ရောက်တာ ၄ ရက် ဆက်တိုက်ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်နဲ့ယှဉ်ရင် ၆၇ ဦး လျော့ကျခဲ့ပြီး အခုနှစ်အတွင်း အင်္ဂါနေ့တစ်နေ့အတွက် အနည်းဆုံးအရေအတွက် ဖြစ်ပါတယ်။
တိုကျိုမြို့အရာရှိတွေက စိုးရိမ်ရတဲ့လူနာ ၅၅ ဦးရှိပြီး တနင်္လာနေ့ကထက် ၇ ဦးလျော့နည်းတယ်လို့ ပြောပါတယ်။