Chugai ဆေးကုမ္ပဏီက ပေါင်းစပ်ပဋိပစ္စည်းကုထုံး သုံးစွဲမှု တိုးချဲ့ခွင့်ပြုရန် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနထံတောင်းဆို

ဂျပန်ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Chugai က COVID-19 အတွက် ပေါင်းစပ်ပဋိပစ္စည်းကုထုံး တိုးချဲ့သုံးစွဲခွင့်ပြုဖို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနထံ တောင်းဆိုလိုက်ပါတယ်။

အဲဒီလိုနည်းနဲ့ကုသမှုကို လောလောဆယ်မှာ ရောဂါလက္ခဏာနည်းနည်းအဆင့်ကနေ ဆိုးဆိုးရွားရွားဖျားနာလာနိုင်တဲ့ အသင့်အတင့်အဆင့်အထိဖြစ်တဲ့ လူနာတွေမှာပဲ သုံးစွဲဖို့ ခွင့်ပြုထားပါတယ်။
အဲဒီဆေးကို ဂျပန်မှာ ရောင်းချခွင့် အထူးအနေနဲ့ ရရှိထားတဲ့ Chugai ဆေးကုမ္ပဏီက ရောဂါလက္ခဏာမပြသတဲ့လူတွေ အတွက်သုံးစွဲဖို့နဲ့ ကူးစက်မှုတားဆီးရေးနည်းလမ်းတစ်ခုအနေနဲ့ သုံးစွဲတာကို အသိအမှတ်ပြုစေလိုပါတယ်။
ဗိုင်းရပ်စ်တွေအားပေျာ့သွားစေတဲ့ နှစ်မျိုးပေါင်းစပ်ပဋိလှုံ့ပစ္စည်း ကို သွေးကြောတွင်းထိုးသွင်းပြီးကုသပါတယ်။ အောက်တိုဘာ ၅ ရက်နေ့အထိ ဂျပန်နိုင်ငံတွင်းမှာ လူပေါင်း ၃၅,၀၀၀ လောက်ကို ကုသမှုပေးခဲ့ပြီးပြီလို့ ယုံကြည်ရပါတယ်။
ကမ္ဘာအနှံ့လက်တွေ့စမ်းသပ်မှုတွေအရ အဲဒီဆေးဟာ ရောဂါလက္ခဏာမပြသတဲ့ COVID-19 လူနာတွေ ရောဂါပိုဆိုးလာတာမျိုးကို ၃၁ ရာခိုင်နှုန်းအထိ လျော့ကျစေခဲ့တယ်လို့ Chugai ဆေးကုမ္ပဏီက ပြောပါတယ်။
အဲဒီလိုမျိုးစမ်းသပ်ကုသမှုတွေထဲမှာ ကိုဗစ်လူနာနဲ့ထိတွေ့မှုရှိပြီး ရောဂါလက္ခဏာမပြသသေးတဲ့ မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။ အဲဒီဆေးဟာ လက္ခဏာမပြဘဲ ကူးစက်သွားနိုင်တဲ့အန္တရာယ်ကို ၈၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ Chugai ဆေးကုမ္ပဏီက ပြောပါတယ်။