ထွက်ပြေးသွားတဲ့ အီးမျူးငှက်တွေ အားလုံး ဖမ်းမိ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုရဲ့ မွေးမြူရေးခြံကနေ ထွက်ပြေးသွားတဲ့ အီးမျူးငှက်တွေ ကို လေးရက်ကြာ ရှာဖွေခဲ့ပြီး အခုအခါ အားလုံးကို ဖမ်းဆီးရမိပြီလို့ ဆိုပါတယ်။

ကြာသပတေးနေ့က ခြံစည်းရိုးတံခါးချိတ်ပြုတ်သွားပြီးနောက် အီးမျူးငှက်တွေ အကောင် ၂၀ လောက် အဲဒီခြံထဲက ထွက်ပြေးခဲ့ကြပါတယ်။ သြစတေးလျနိုင်ငံ ဇာတိဖြစ်တဲ့ အီးမျူးငှက်တွေဟာ အလွန်ကြီးမားပြီး မပျံသန်းနိုင်ကြပါဘူး။ အဲဒီခြံထဲမှာ အီးမျူးငှက်တွေ ၅၄ ကောင် မွေးမြူထားပါတယ်။
မွေးမြူရေးခြံပတ်ဝန်းကျင်က တောအုပ်တွေနဲ့ စပါးစိုက်ခင်းတွေထဲမှာ ဝန်ထမ်းတွေနဲ့ တစ်ခြားလူတွေက အဲဒီငှက်တွေကို ရှာဖွေခဲ့ကြပါတယ်။
ပျောက်ဆုံးနေသေးတဲ့ အဲဒီငှက် ၃ ကောင်ကို လူ ၂၀ ကျော်က တနင်္ဂနွေနေ့မှာ ဆက်လက်ရှာဖွေခဲ့ကြပြီး ခြံနဲ့ တစ်ကီလိုမီတာလောက် မဝေးတဲ့နေရာမှာ တွေ့ရှိခဲ့ပါတယ်။
ဒေသခံတွေအကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့တဲ့အတွက် မွေးမြူရေးခြံအရာရှိ တစ်ဦးက တောင်းပန်ခဲ့ပါတယ်။ ခြံစည်းရိုးတံခါးပုံစံကို ပြောင်းလဲပြီး ငှက်တွေကိုစောင့်ကြည့်ဖို့ ကင်မရာတွေ ပိုမိုတပ်ဆင်မယ်လို့ သူက ပြောပါတယ်။