ဂျပန်ရဲ့အဓိက လက်လီအ‌ရောင်းကုမ္ပဏီများ ဖက်ရှင်ကုန်များတွင် တစ်ပတ်နွမ်းအသုံးပြုမှုတိုးမြင့်

ဂျပန်နိုင်ငံမှာရှိတဲ့ လက်လီအရောင်းကုမ္ပဏီကြီးတွေဟာ ဖက်ရှင်စတိုင်သစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ တစ်ပတ်နွမ်းပစ္စည်းတွေကို ပိုမိုအသုံးပြုလာနေကြပါတယ်။

သုံးစွဲသူတွေအကြားမှာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ထုတ်ကုန်တွေကို ပိုမိုသုံးစွဲလိုတာတွေ များပြားလာနေတာကို တုံ့ပြန်မှု ဖြစ်ပါတယ်။
ကုန်တိုက်လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Takashimaya ဟာ တစ်ပတ်နွမ်း အဝတ်အထည်ကနေ ထုတ်ယူတဲ့ ပိုလီယက်စတားနဲ့ ပြုလုပ်တဲ့အထည်တွေကို အရောင်းမြှင့်တင်မှုတွေ အားပေးလုပ်ဆောင်နေပါတယ်။ အဲဒီကုမ္ပဏီဟာ ပြန်လည်အသုံးပြုပစ္စည်းတွေကို သုံးထားတဲ့ ဂျာကင်အင်္ကျီ ၊ အနောက်တိုင်းဝတ်စုံ နဲ့ တခြားပစ္စည်းတွေကို အခုလထဲမှာ စတင်ရောင်းချနေပါပြီ။ အဲဒီကုန်တိုက်တွေဟာ ဖောက်သည်တွေအနေနဲ့ သူတို့မဝတ်တော့တဲ့အထည်တွေကို ပေးလှူဖို့ အားပေးမှုတွေကို လုပ်ဆောင်နေပါတယ်။
အိတ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Tsuchiya Kaban ကလည်း တစ်ပတ်နွမ်း ပစ္စည်းတွေကို အသုံးပြုထားတဲ့ လုပ်ငန်းတစ်ခုကိုလည်း အခုလထဲမှာ စတင်ခဲ့ပါတယ်။ ဖောက်သည်တွေကို အသုံးမပြုတော့တဲ့ အဲဒီကုမ္ပဏီထုတ် အိတ်တွေကို ယူလာကြဖို့ တိုက်တွန်းနေပါတယ်။ အဲဒီပစ္စည်းတွေကို ပြန်လည်ပြုပြင်ပြီး မူရင်းစျေးရဲ့ ၆၀ ရာခိုင်နှုန်းလောက်နဲ့ ပြန်ရောင်းပါတယ်။
အဲဒီကုမ္ပဏီအရာရှိတစ်ဦးက“‌ဖောက်သည်တွေယူလာတဲ့ အိတ်တွေကို ကျနော်တို့ရဲ့ ကျွမ်းကျင်ဝန်ထမ်းတွေက ပြုပြင်ပြီး သန့်စင်ပါမယ်၊ တချို့လူတွေဆိုရင် အဲဒီလိုလုပ်တာမျိုးဟာ စိတ်ဝင်စားဖို့ကောင်းတယ်၊ ပစ္စည်းရဲ့ တန်ဖိုးကိုလည်း သိလာကြတယ်” လို့ ပြောပါတယ်။
Tsuchiya Kaban က ၂၀၂၆ ခုနှစ်မကုန်မီ ဒီလိုအိတ်တွေရဲ့ အ‌ရောင်းပမာဏ ဒေါ်လာ ၄.၅ သန်းလောက်အထိ ရှိလာဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။