တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၄၉ ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က တနင်္လာနေ့မှာ မြို့တော်တိုကျိုတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၄၉ ဦး ရှိတယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

ဒီကိန်းဂဏန်းဟာ မနေ့ကထက် ၁၁ဦး ကျဆင်းသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်ရဲ့ ကူးစက်မှု စံချိန်တင် ပမာဏကနေ ကျဆင်းသွားတာ ၃ရက်ဆက်တိုက် ရှိပြီ ဖြစ်ပါတယ်။ နေ့စဉ် ကူးစက်ခံရသူအသစ် ၅၀ အောက်ရောက်သွားတာ တစ်နှစ်နဲ့ ၄လ လောက်မှာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
စိုးရိမ်ရတဲ့လူနာ ၆၂ ဦးရှိပြီး တနင်္ဂနွေနေ့ကထက် ၅ဦး လျော့လာတယ်လို့ တိုကျို အရာရှိတွေက ပြောပါတယ်။