ယန်းငွေတန်ဖိုး ကျဆင်းတာကြောင့် တိုကျို စတော့ရှယ်ယာစျေး ထိုးတက်သွား

အမေရိကန်ဒေါ်လာနဲ့ လဲလှယ်တဲ့ ယန်းငွေတန်ဖိုးဟာ ကျဆင်းလာတာကြောင့် တိုကျိုစတော့ရှယ်ယာ စျေးနှုန်းဟာ တနင်္လာနေ့မှာ ထိုးတက်သွားခဲ့ပါတယ်။ လက်ရွေးစင် ရှယ်ယာ ၂၂၅မျိုးရဲ့ အညွှန်းကိန်းဟာ တစ်ချိန်မှာ ၅၀၀ မှတ်ကျော် တက်သွားခဲ့ပါတယ်။

နစ်ကေးအညွှန်းကိန်းဟာ သောကြာနေ့စျေးပိတ်ချိန်ကထက် ၄၄၉ မှတ်တက်ပြီး တနင်္လာနေ့မှာ ၂၈,၄၉၈ မှတ်နဲ့စျေးပိတ်သွား ခဲ့ပါတယ်။
ယန်းငွေ အားပျော့လာတာက တန်ဖိုးနည်းအဖြစ် သတ်မှတ်ထားတဲ့ ရှယ်ယာတွေ အပါအဝင် ရင်းနှီးမြှုပ်နှံသူတွေက ကျယ်ပြန့်တဲ့နယ်ပယ်တွေက အစု ရှယ်ယာတွေကို ဝယ်ယူလာကြတယ်လို့ စျေးကွက် သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ကျဆင်းလာပြီး ဒီသီတင်းပတ်ကုန်မှာ လူတွေ အပြင်ပိုထွက်လာတာကြောင့် စီးပွားရေးအလားအလာကို အကောင်းဘက်က ရှုမြင်တာကလည်း အစုရှယ်ယာ စျေးနှုန်းတွေ တက်လာတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ သူတို့က ထောက်ပြပြောဆိုခဲ့ပါတယ်။
ဂျပန့်အချိန် တနင်္လာနေ့ညနေ ၅နာရီအချိန်မှာ အမေရိကန် ဒေါ်လာနဲ့လဲလှယ်တဲ့ ယန်းငွေတန်ဖိုးဟာ ၁၁၂ ယန်းကျော် ရှိခဲ့ပါတယ်။