ဂျပန်လုပ်သားတွေရဲ့ လုပ်ခလစာ ဩဂုတ်လမှာ မြင့်တက်လာတာ တွေ့ရ

ဂျပန်နိုင်ငံက လုပ်သားတွေရဲ့ ဩဂုတ်လ လုပ်ခလစာဟာ ပြီးခဲ့တဲ့နှစ်ကထက် အနည်းငယ်မြင့်တက်လာခဲ့ပါတယ်။

သူတို့ရဲ့ လုပ်ခလစာတွေဟာ ကပ်ရောဂါမတိုင်မီအချိန်ကထက် နည်းနေဆဲဖြစ်ပြီး ဟိုတယ်နဲ့ စားသောက်ကုန်လုပ်ငန်းတွေက လုပ်သားတွေရဲ့ လုပ်ခလစာတွေ ကျဆင်းနေတာကို ဆက်လက်တွေ့မြင်နေရပါတယ်။
လုပ်သားတစ်ဦးရဲ့ ပျမ်းမျှ ဝင်ငွေဟာ ၂၇၅,၀၀၀ယန်း ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၂၄၆၀ လောက်ရှိခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီထဲမှာ အခြေခံလစာနဲ့ အချိန်ပိုကြေးတွေပါဝင်ပါတယ်။
လုပ်ခလစာဟာ ၂၀၂၀ ခုနှစ်သြဂုတ်လကထက် အခုနှစ် သြဂုတ်လမှာ ယန်းတန်ဖိုးအားဖြင့် ၀.၇ ရာခိုင်နှုန်းတက်ခဲ့ပြီး ၆လဆက်တိုက် တက်လာနေတာ ဖြစ်ပါတယ်။
အချိန်ပိုကြေးနဲ့ တခြားအပိုဝင်ငွေရရှိမှုတွေလည်း ၆.၅ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
ဒါပေမဲ့ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေက လုပ်သားတွေဟာ ပြီးခဲ့တဲ့နှစ်ကတက် လစာနည်းခဲ့ပြီး တခြားအပိုဝင်ငွေရရှိမှုတွေ ၂၅ ရာခိုင်နှုန်းကျော် လျော့နည်းခဲ့ပါတယ်။ အဲဒီလုပ်သားတွေရဲ့ ဝင်ငွေတွေ အကျဘက်မှာ ဆက်ပြီးရှိနေတယ်လို့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။