ဂျပန်အတွက် ထိုးဆေးပိုမိုရရှိရေး ဂျပန်အစိုးရနဲ့ Pfizer တို့ သဘောတူ

ဂျပန်အတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထပ်မံရရှိဖို့ အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ ဂျပန်ကျန်းမာရေးဝန်ကြီးဋ္ဌာနတို့ သဘောတူညီချက်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီလကစပြီး နောက်ထပ် အကြိမ် သန်း ၁၂၀ စာ ကို လက်ခံရရှိဖို့အတွက် ကျန်းမာရေးဝန်ကြီးဋ္ဌာနဟာ တရားဝင်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သောကြာနေ့မှာ အရာရှိတွေက ပြောပါတယ်။
ကာကွယ်ဆေးရဲ့ အာနိသင်ဟာ အချိန်ကြာလာရင် လျော့နည်းလာတယ်ဆိုတာကို ဂျပန်နဲ့နိုင်ငံခြားမှာ အစီရင်ခံမှုတွေရှိတာကြောင့် ဒီဇင်ဘာလကစပြီး ကာကွယ်ဆေးကို တတိယအကြိမ်စတင်ထိုးပေးဖို့ သူတို့တတွေက စီစဉ်ထားပါတယ်။
ဂျပန်ကျန်းမာရေးဝန်ကြီးဋ္ဌာနဟာ Moderna ကနေ အကြိမ်ရေ သန်း ၅၀ ကျော်စာ ၊ Novavax ကနေ အကြိမ်ရေ သန်း ၁၅၀ စာ နောင်နှစ်မှာ လက်ခံရယူဖို့ သဘောတူထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီကုမ္ပဏီ ၂ ခုစလုံးဟာ အမေရိကန်ပြည်ထောင်စုက ဖြစ်ပါတယ်။
ဂျပန်ပြည်သူတွေရဲ့ ၆၃.၁ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသွားပြီလို့ ဂျပန်အစိုးရက ပြောပါတယ်။