ဂျပန်နိုင်ငံ Amakusa အရပ်မှာ ကြွေထည် ကျားရုပ် ထုတ်လုပ်မှု စတင်

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ခူမာ့မိုတို ခရိုင်ရဲ့ Amakusa ဒေသက အိုးဖုတ်လုပ်ငန်းတစ်ခုမှာ လာမယ့်နှစ်အတွက် တရုတ်ရိုးရာရာသီခွင် သင်္ကေတဖြစ်တဲ့ ကျားရုပ်တွေ စတင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။

Amakusa က ကြွေထည်ပစ္စည်းတွေကို နိုင်ငံရဲ့ ရိုးရာ လက်မှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီအလုပ်ရုံရဲ့ အဓိက ကြွေထည်တစ်မျိုးဖြစ်တဲ့ Uchidasarayamayaki နဲ့ ကျားရုပ်ထုတ်လုပ်တာကို ပြီးခဲ့တဲ့လမှာ စတင်ခဲ့ပါတယ်။
Amakusa ကြွေထည်ပစ္စည်းတွေကို ဒေသထွက်ကျောက်တွေကို ကြိတ်ခြေ၊ ရေနှင့်ရောနယ်၊ ပုံသွင်းပြီးနောက် ဖိုထဲထည့်ပြီး မီးဖုတ်ဆိုတဲ့ အဆင့်တွေနဲ့ ပြုလုပ်ပါတယ်။
ကြည်လင်တဲ့ ကြွေရည်အရောင် ၃ မျိုးနဲ့ ကျားရုပ်ပေါင်း ၃,၀၀၀ ထုတ်လုပ်ဖို့ အဲဒီအလုပ်ရုံက စီစဉ်ထားပါတယ်။
အလုပ်ရုံအကြီးအကဲ Kiyama Kentaro က ဒီအရုပ်တွေက လူတွေကို ပျော်ရွှင်မှုတွေ ပေးလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။