တာလီဘန်တွေ ဗြိတိန်သံတမန် နဲ့ တွေ့ဆုံဆွေးနွေး

တာလီဘန်ခေါင်းဆောင်တွေဟာ ဗြိတိန်သံတမန် နဲ့ အာဖဂန်နစ္စတန်နိုင်ငံ မှာတွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုဟာ နိုင်ငံတကာအသိုင်းအဝန်းဆီကနေ အသိအမှတ်ပြုခံရဖို့ တာလီဘန်အဖွဲ့ရဲ့ ကြိုးပမ်းမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ရပါတယ်။
တာလီဘန်အစိုးရရဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi နဲ့ အာဖဂန်နိုင်ငံဆိုင်ရာ ဗြိတိန်သံတမန် Simon Gass တို့ဟာ အင်္ဂါနေ့က ကာဘူးလ်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဗြိတိန်အနေနဲ့ ၂နိုင်ငံကြား ဆက်ဆံရေးတွေကို အဆင့်သစ်တစ်ခု ရောက်အောင် မြှင့်တင်ဖို့ ပူးပေါင်းသင့်တယ်လို့ မစ္စတာ Muttaqi က မစ္စတာ Gass ကို ပြောခဲ့ကြောင်း တာလီဘန်တွေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီအစည်းအဝေးဟာ သံတမန်ဆက်ဆံရေးတွေစတင်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပခဲ့တာ ဖြစ်တယ်လို့ တာလီဘန်တွေရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဗြိတိန်ဘက်ကတော့ တာလီဘန်တွေနဲ့ သံတမန် ဆက်ဆံရေးတွေ တည်ဆောက်တဲ့အကြောင်း မဖော်ပြခဲ့ပါဘူး။
အာဖဂန်နစ္စတန်နိုင်ငံကို အကြမ်းဖက်ဝါဒ ပေါက်ဖွားရာနေရာ ဖြစ်မလာအောင် တားဆီးဖို့ အရေးကြီးကြောင်းနဲ့ နိုင်ငံကနေ ထွက်ခွာလိုသူတွေ ဘေးကင်းကင်းနဲ့ထွက်ခွာနိုင်ဖို့လိုအပ်ချက် ဆက်လက်ရှိနေတဲ့အပေါ် အာဖဂန်နစ္စတန်နိုင်ငံက ကိုင်တွယ်ရာမှာ ဗြိတိန်အနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ ကူညီနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး သူတို့တွေဆွေးနွေးခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။