ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုရှင်တွေကို ကုလ အတွင်းရေးမှူး ဂုဏ်ပြုစကားဆို

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး Antonio Guterres က ဒီနှစ်မှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လေ့လာမှုတွေမှာ အောင်မြင်ခဲ့တဲ့ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုရှင်တွေကို ဂုဏ်ပြုစကားဆိုလိုက်ပါတယ်။

ဒီဆုကို ဂျပန်နိုင်ငံဖွား သိပ္ပံပညာရှင် Syukuro Manabe၊ Klaus Hasselmann နဲ့ Giorgio Parisi တို့က ပူးတွဲရရှိခဲ့တာ ဖြစ်ပါတယ်။
အင်္ဂါနေ့မှာ မစ္စတာ Guterres က သူ့ရဲ့တွစ်တာ လူမှုကွန်ယက်စာမျက်နှာမှာ " သူတို့ရဲ့သိပ္ပံပညာနဲ့ ကမ္ဘာမြေကြီး ဘယ်လို လည်ပတ်တယ်ဆိုတာကို နားလည်မှုတွေဟာ ရာသီဥတုပြောင်းလဲမှု ပြဿနာ အပါအဝင် လူသားတွေအပေါ် အကြီးမားဆုံးသက်ရောက်နေတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်နိုင်ဖို့ အခြေခံအုတ်မြစ်တွေကို ဖန်တီးပေးလိုက်တာ ဖြစ်တယ်" လို့ ရေးသားထားပါတယ်။