Tochigi ခရိုင်က နီပေါအမျိုးသားတစ်ဦး ဂျပန့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးရဲ့ ဆုရရှိ

နီပေါအမျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့ ၂နှစ်က နိုင်ငံခြားသားနေထိုင်သူတွေဆီ ဘေးအန္တရာယ်ဆိုင်ရာ တိမ်းရှောင်ရေး သတင်းအချက်အလက်တွေ ပေးပို့ခဲ့တဲ့အတွက် ဂျပန့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးက ပေးအပ်တဲ့ ဂုဏ်ပြုလွှာ ချီးမြှင့်ခံခဲ့ရပါတယ်။

ဂျပန်နိုင်ငံအရှေ့ပိုင်း Tochigi ခရိုင်မှာနေထိုင်တဲ့ မစ္စတာ Luitel Mahesh ဟာ ၂၀၁၉ခုနှစ်က တိုင်ဖွန်းမုန်တိုင်း Hagibis ကြောင့် မိုးအပြင်းအထန် ရွာသွန်းနေချိန်အတွင်း တိမ်းရှောင်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ဂျပန်ဘာသာကနေ နီပေါဘာသာပြန်ပြီး လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့ပါတယ်။
မုန်တိုင်းပြီးတဲ့နောက် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့နေရာတွေမှာ နိုင်ငံခြားသား နေထိုင်သူတွေကို စည်းရုံးပြီး စေတနာ့ဝန်ထမ်းအလုပ်တွေကို လုပ်ကိုင်ခဲ့ပါတယ်။
မစ္စတာ Mahesh ဟာ အခုလတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေတွေနဲ့ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို နီပေါဘာသာပြန်ပြီး ဖြန့်ဝေပေးနေပါတယ်။
ဘေးအန္တရာယ်ဖြစ်ပွားနေချိန်အတွင်း သတင်းအချက်အလက်ရရှိမှုဟာ သေရေးရှင်ရေးတမျှ အရေးကြီးတယ်လို့သူက ပြောခဲ့ပါတယ်။ လူအများအပြားဆီ သတင်းအချက်အလက်တွေ ဖြန့်ဝေဖို့ သူဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။