နည်းပညာ စနစ် ချို့ယွင်းမှုကြောင့် Suica နဲ့ PASMO အပလီကေးရှင်းတွေ ထိခိုက်

အင်္ဂါနေ့က နည်းပညာဆိုင်ရာ ချို့ယွင်းမှုတစ်ခုကြောင့် ဂျပန်မှာ ရထားစီးဖို့နဲ့ ငွေပေးချေမှုစနစ်တွေမှာ အသုံးပြုတဲ့ စမတ်ဖုန်း အပလီကေးရှင်းတွေရဲ့ လုပ်ဆောင်မှု တချို့ ရပ်တန့်သွားခဲ့ပါတယ်။

ဒါဟာ iPhone operating system iOS network နဲ့ဆိုင်တဲ့ ပြဿနာတွေကြောင့် ဖြစ်နိုင်တယ်လို့ East Japan Railway ကုမ္ပဏီကို Apple က အသိပေးခဲ့တာကြောင့် အဲဒီကုမ္ပဏီက ပြောပါတယ်။
Mobile Suica နဲ့ Mobile PASMO အပလီကေးရှင်းတွေမှာ ပြဿနာတွေ ရှိခဲ့တယ်လို့ JR East နဲ့ တခြားရထားလိုင်းကုမ္ပဏီတွေက ပြောပါတယ်။
အသုံးပြုသူတွေဟာ အပလီကေးရှင်းထဲ ငွေဖြည့်တာ ဒါမှမဟုတ် လပေးကတ်နဲ့ ပထမတန်း ခုံနေရာအတွက် လက်မှတ်ဝယ်တာတွေကို မလုပ်နိုင်ခဲ့ဘူးလို့ အဲဒီကုမ္ပဏီတွေက ပြောပါတယ်။
ရထားစီးမယ့်သူတွေ တချို့ဟာ သူတို့ရဲ့ အပလီကေးရှင်းတွေမှာ လက်ကျန်ငွေ မရှိတော့တာကြောင့် လက်မှတ်ဖြတ်တဲ့ ဂိတ်ကနေ ထွက်လို့မရဘဲ ပိတ်မိခဲ့ပါတယ်။
ငွေပေးချေမှုဆိုင်ရာ ဂျပန် အပလီကေးရှင်းတွေကို ဘူတာတွေမှာ ထားရှိထားတဲ့ လက်မှတ်ရောင်းစက်တွေမှာ ငွေသားနဲ့ ငွေဖြည့်လို့ရသေးတယ်လို့ အဲဒီရထားလိုင်းကုမ္ပဏီတွေက ပြောပါတယ်။