တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁၄၄ ဦး အတည်ပြု

တိုကျိုမှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁၄၄ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်ကထက် ၁၀၄ ဦး လျော့နည်းခဲ့တာဖြစ်ပြီး အခုနှစ်အတွင်း အင်္ဂါနေ့တွေရဲ့ ကူးစက်မှုအရေအတွက်ထဲမှာ အနည်းဆုံးဖြစ်ပါတယ်။
ရောဂါပြင်းထန်သူ ၇၄ ဦး ရှိတယ်လို့ တိုကျိုအရာရှိတွေက ဆိုပါတယ်။