ရူပဗေဒ ပညာရှင် Mr. Manabe Syukuro နိုဘယ်လ် ဆုရရှိ

၂၀၂၁ ခုနှစ်ရဲ့ နိုဘယ်လ်ဆု ပေးပွဲမှာ ဆုရရှိခဲ့သူ ၃ဦးရှိပြီး ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု ဆိုင်ရာ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲကို သုတေသနပြုနေတဲ့ ရူပဗေဒ ပညာရှင် Mr. Manabe Syukuro ကလည်း ဆုရရှိခဲ့ပါတယ်။ သူဟာ ဂျပန်နိုင်ငံဖွား သိပ္ပံပညာရှင်တစ်ဦးဖြစ်ပါတယ် ခင်ဗျာ။