ကာဗွန်ထုတ်လွှတ်မှု ကင်းစင်တဲ့ စွမ်းအင်ကို ကူးပြောင်းရေး ဘဏ်တွေ ထောက်ခံ

တစ်ကမ္ဘာလုံးမှာရှိတဲ့ ငွေကြေးအဖွဲ့အစည်းတွေဟာ ကာဗွန်ထုတ်လွှတ်မှု လွန်ကဲတဲ့ စီမံကိန်းတွေမှာ ပါ၀င်ပတ်သက်မှုမရှိအောင် တိုးမြှင့်လုပ်ဆောင်နေတဲ့အကြား အခုအခါ ဦးဆောင်ဘဏ်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ က ကာဗွန်ကင်းစင်တဲ့ စွမ်းအင်အဖြစ် အသွင်ကူးပြောင်းရေး ကြိုးပမ်းနေသူတွေကို ငွေကြေးထောက်ပံ့မှုတွေ ဘယ်လို တာဝန်ယူ ဆောင်ရွက်ပေးမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေကို ရေးဆွဲနေပါတယ်။

အဲဒီ အဖွဲ့မှာ ဂျပန်က Mitsubishi UFJ Financial Group၊ အမေရိကန်အခြေစိုက် Citigroup နဲ့ ဗြိတိန်ရဲ့ Barclays တို့အပါအဝင် ငွေကြေးအဖွဲ့အစည်း ၂၀ ကျော် ပါဝင်တယ်လို့ NHK က သိရှိရပါတယ်။
ကာဗွန်ကင်းစင်တဲ့စွမ်းအင်ကို ကူးပြောင်းဖို့ဆိုတာဟာ အထူးသဖြင့် အာရှဒေသမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ စီမံကိန်း အများအပြားအတွက်တော့ အပြောလွယ်ပြီး အလုပ်ခက်နေပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေထုတ်ချေးတာကို ရုတ်တရက် ရပ်ဆိုင်းလိုက်မယ်ဆိုရင် အဲဒီနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုဟာ ရပ်တန့်သွားစေနိုင်ပါတယ်။
စီစဉ်ထားတဲ့ လမ်းညွှန်ချက်တွေမှာ နည်းပညာဆန်းသစ်တီထွင်မှုတွေက တစ်ဆင့် ကာဗွန်ထုတ်လွှတ်မှုနဲ့ လျှော့ချမှု ညီမျှတဲ့ လူ့ဘောင်အဖွဲ့အစည်း ဖြစ်စေဖို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လမ်းပြမြေပုံတွေနဲ့အညီ ပြုလုပ်ထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်နေတဲ့ စီမံကိန်းတွေကိုတော့ ဆက်ပြီး ငွေထုတ်ချေးခွင့်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။