တိုကျိုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၈၇ ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က မြို့တော်တိုကျိုမှာ တနင်္လာနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၈၇ ဦး ရှိတယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

တစ်နေ့တာကူးစက်ခံရသူအရေအတွက် ၁၀၀ အောက် ရောက်လာခဲ့တာဟာ မနှစ်က နိုဝင်ဘာလ ၂ ရက်နေ့နောက်ပိုင်း ပထမဦးဆုံးဖြစ်ပါတယ်။
စိုးရိမ်ရတဲ့လူနာ ၇၇ ဦးရှိတယ်လို့ တိုကျိုမြို့အရာရှိတွေက ဆိုလိုက်ပြီး ဒါဟာ တနင်္ဂနွေနေ့ကထက် ၁၁ ဦး လျော့နည်းလာခဲ့တာပါ။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆ ဦး ရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။