အောက်တိုဘာ ၃၁ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ဂျပန်ဝန်ကြီးချုပ်စီစဉ်

တနင်္လာနေ့မှာ ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် လွှတ်တော်က ရွေးချယ်ခံခဲ့ရတဲ့ Kishida Fumio ဟာ အောက်လွှတ်တော်ရွေးကောက်ပွဲကို အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ရွေးကောက်ပွဲမကျင်းပမီ လွှတ်တော်အထူးအစည်းအဝေးရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ လာမယ့်သီတင်းပတ်ကြာသပတေးနေ့မှာ အောက်လွှတ်တော်ကိုဖျက်သိမ်းဖို့ ရည်ရွယ်ထားတယ်လို့ မစ္စတာ Kishida က ညွန့်ပေါင်းပါတီတွေရဲ့ အကြီးတန်းလွှတ်တော်အမတ်တချို့ကို ပြောဆိုခဲ့ပါတယ်။ လက်ရှိအောက်လွှတ်တော်အမတ်တွေရဲ့ သက်တမ်းဟာ အဲဒီသီတင်းပတ်အပြီး နောက်သီတင်းပတ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ သူ့အစိုးရသစ်ကိုဖွဲ့စည်းပြီးတဲ့နောက် မကြာတဲ့ကာလအတွင်း ရွေးကောက်ပွဲကျင်းပဖို့ ဆုံးဖြတ်တာဟာ ပိုမိုကောင်းမွန်တယ်လို့ သူက ယုံကြည်ပုံရပါတယ်။