Uyghur လူမျိုးစု အပေါ် ကျူးလွန်တာတွေအတွက် တရုတ်နိုင်ငံအပေါ် ပိုပြီးဖိအားပေးဖို့ အမေရိကန်မှာ ချီတက် ဆန္ဒပြ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ ကန့်ကွက်ဆန္ဒပြနေသူတွေက သူတို့ က “လူမျိုးတုန်းသတ်ဖြတ်မှု”လို့ ပြောနေတဲ့ Uyghur လူမျိုးစု အပေါ် ကျူးလွန်နေတာတွေအတွက် တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံ နဲ့ အခြားနိုင်ငံတွေက ပိုပြီး ဖိအားပေးဖို့ လှုံ့ဆော်စည်းရုံး တောင်းဆိုခဲ့ကြပါတယ်။

ဝါရှင်တန် အခြေစိုက် Uyghur လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ဖွဲ့နဲ့ တခြားအဖွဲ့တွေက ဒီ ချီတက်ဆန္ဒပြပွဲကို စီစဉ်ခဲ့ပါတယ်။ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ တရုတ်နိုင်ငံ Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လူတွေ အပါအဝင် လူ ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသမီးတစ်ဦးက Xinjiang ဒေသက အဆောက်အအုံတစ်ခုမှာ သူ ၁၀ လကြာလောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
အမျိုးသမီးတွေဟာ သားကြောဖြတ်ဖို့ အဓမ္မ စေခိုင်းခံခဲ့ရတယ်လို့လည်း သူ က ဆိုပါတယ်။ နိုင်ငံတကာ က တရုတ်နိုင်ငံအပေါ် ပိုပြီး ဖိအားပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။
Xinjiang ဒေသက အရာရှိတွေကို သမ္မတ Biden ဦးဆောင်တဲ့ အမေရိကန် အစိုးရက ဒဏ်ခတ်အရေးယူမှုတွေ လုပ်ထားပါတယ်။
Xinjiang ဒေသမှာ အဓမ္မ ခိုင်းစေပြီးထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချတာကို ဟန့်တားဖို့ ရည်ရွယ်တဲ့ ဥပဒေပြဋ္ဌာန်းဖို့အတွက် အမေရိကန်လွှတ်တော်က ချင့်ချိန်စဉ်းစားနေပါတယ်။