တိုင်ဖွန်း Mindulle အီဇုနဲ့ ကန်တိုဒေသကို ရိုက်ခတ်

တိုင်ဖွန်းမုန်တိုင်း Mindulle ဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားရင်း အီဇုကျွန်းစုရဲ့ တစ်စိတ်တစ်ပိုင်းနဲ့ ကန်တိုဒေသ ကို လေပြင်းတွေနဲ့ တိုက်ခတ်ခဲ့ပါတယ်။

ဂျပန်မိုးလေဝသအေဂျင်စီက ကြီးမားလှတဲ့ တိုင်ဖွန်းဟာ သောကြာနေ့ ညနေ ၅ နာရီအချိန်မှာ ချိဘာ့ခရိုင် ချိုးရှိမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၅၀ အကွာမှာ ရှိနေတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အဲဒီမုန်တိုင်းဟာ တစ်နာရီ ၃၅ ကီလိုမီတာ နှုန်းနဲ့ အရှေ့မြောက်ဘက်ကို ရွေ့လျားနေတယ်လို့ ယုံကြည်ရပါတယ်။
အီဇုကျွန်းစုနဲ့ ချိဘာ့ခရိုင်တွင် နေရာကျယ်ကျယ်ပြန့်ပြန့်မှာ၊ ခါနာ့ဂါဝါ့ခရိုင်နဲ့ အီဘားရားကိခရိုင်တို့ရဲ့ တစ်စိတ်တစ်ပိုင်းနဲ့ တိုကျိုပင်လယ်အော်တလျှောက်ဧရိယာတို့ဟာ မုန်တိုင်းဇုန်အတွင်းမှာ ကျရောက်နေပါတယ်။
တိုင်ဖွန်း Mindulle ဟာ အခုဆိုရင် ကန်တိုဧရိယာကို ချဉ်းကပ်လာနေပါတယ်။ မိုးသည်းထန်တာနဲ့ လေပြင်းတိုက်တာတွေကို သတိထားကြဖို့ ပြည်သူတွေကို အကြံပြုထားပါတယ်။ မြေပြိုတာတွေ ၊ မြေနိမ့်ပိုင်းအရပ်တွေမှာ ရေကြီးတာ ၊ မြစ်ရေလျှံတာတွေကို သတိထားကြဖို့ကိုလည်း ပြည်သူတွေကို သတိပေးထားပါတယ်။