မန်ဂါရုပ်ပြကာတွန်းစာအုပ်တွဲ “Golgo 13” ကို ဖန်တီးခဲ့သူ Saito Takao ကွယ်လွန်

မန်ဂါရုပ်ပြကာတွန်းစာအုပ်တွဲ “Golgo 13” ကို ဖန်တီးခဲ့သူ Saito Takao ဟာ အသက် ၈၄ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

မစ္စတာ Saito ဟာ “gekiga” လို့ သိကြတဲ့ ဇာတ်ကောင်တွေနဲ့ နောက်ခံဇာတ်လမ်းတွေကို လက်တွေ့ကျကျ ပုံဖော်ထားတဲ့ မန်ဂါရုပ်ပြကာတွန်း အမျိုးအစားတစ်မျိုးကို တီထွင်ခဲ့ပါတယ်။
အဲဒီကာတွန်းစာအုပ်တွဲမှာ အဓိက ဇာတ်ကောင် “Golgo 13” မှာ Duke Togo ဆိုတဲ့ အမည်ဝှက် ရှိပြီး သူဟာ စကားနည်းတဲ့ သေနတ်နဲ့ ချောင်းပစ်သူနဲ့ ကြေးစားလူသတ်သမားဖြစ်ပါတယ်။
သူဟာ ဘယ်နိုင်ငံသားလဲဆိုတာနဲ့ သူ့ရဲ့ အသက်၊ နာမည်အရင်းတို့ကို လျှို့ဝှက်ထားပါတယ်။
အဲဒီကာတွန်းစာအုပ်တွဲကို ကာတွန်းမဂ္ဂဇင်းတစ်ခုမှာ ၁၉၆၈ ခုနှစ်ကစပြီး နှစ်ပေါင်း ၅၀ ကျော် ပြသခဲ့ပါတယ်။
စစ်အေးတိုက်ပွဲ၊ အကြမ်းဖက်မှုနဲ့ လူမျိုးရေး ပဋိပက္ခတွေလို နိုင်ငံတကာ အရေးကိစ္စတွေကို အချိန်မှီ ဇာတ်လမ်းတွေထဲ ထည့်ရေးခဲ့တာကြောင့် အဲဒီကာတွန်းစာအုပ်တွဲဟာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့ နိုင်ငံရေးသမားတွေအကြားမှာတောင် အလွန်အမင်း လူကြိုက်များပါတယ်။
အဲဒီကာတွန်းဇာတ်လမ်းတွဲကို စာအုပ်အနေနဲ့ ထုတ်ဝေခဲ့ပြီး ၂၀၁ တွဲမြောက်ကို ဇူလိုင်လမှာ ထုတ်ဝေခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်း ဖြန့်ချိထုတ်ဝေမှု အများဆုံး မန်ဂါရုပ်ပြကာတွန်းစာအုပ်တွဲအနေနဲ့ “Golgo 13” ဟာ Guinness World Record ရရှိခဲ့ပါတယ်။
မစ္စတာ Saito ဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ ပန်ကရိယကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။