တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၂၆၇ ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ မြို့တော်တိုကျိုတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၂၆၇ ဦး ရှိတယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

ဒီကိန်းဂဏန်းဟာ ပြီးခဲ့တဲ့သီတင်းပတ်ကနဲ့ယှဉ်ကြည့်ရင် ၂၇၀ ဒါမှမဟုတ် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတာ ဖြစ်ပါတယ်။ ကူးစက်ခံရသူအသစ် ၃၀၀ အောက်ရောက်လာခဲ့တာ ၄ရက်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့အထိ စိုးရိမ်ရတဲ့လူနာ ၁၀၇ ဦးရှိပြီး အရင်နေ့ကထက် ၁၀ဦးလျော့လာတာ ဖြစ်ပါတယ်။