ဂျပန်မှာ COVID-19 စိုးရိမ်လူနာ ၁၀၀၀ အောက် ကျဆင်းလာ

နိုင်ငံတွင်း COVID-19 ရောဂါ ပြင်းထန်တဲ့လူနာ အရေအတွက်ဟာ ဗုဒ္ဓဟူးနေ့အထိ ၉၉၈ ဦး ရှိတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါဟာ အရင်နေ့ကထက် ၆၄ဦး ကျဆင်းလာတာ ဖြစ်ပြီး သြဂုတ်လ ၅ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၁၀၀၀ အောက် လျော့ကျလာတာ ဖြစ်ပါတယ်။ အဲဒီလူနာတွေထဲမှာ အများစုက အထူးကြပ်မတ်ဆောင်တွေမှာ ကုသမှုခံယူနေရသူတွေ ဒါမှမဟုတ် အသက်ရှူစက်တွေ ၊ နှလုံးနဲ့ အဆုတ်ရဲ့ လုပ်ဆောင်ပုံတွေကို အစားထိုးလုပ်ပေးတဲ့ ECMO စက်ကို အသုံးပြုနေရတဲ့သူတွေ ဖြစ်ပါတယ်။