သောကြာနေ့မှာ Izu ကျွန်းစုအနီးကို တိုင်ဖွန်းမုန်တိုင်းချဉ်းကပ်

သောကြာနေ့မှာ ဂျပန်နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ပစိဖိတ်ကမ်းရိုးတန်းမှာ တိုင်ဖွန်းမုန်တိုင်း Mindulle ကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းရပါတယ်။

တိုင်ဖွန်းမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ ညနေ ၃နာရီမှာ ဂျပန်တောင်ပိုင်း ပင်လယ်ပြင်ပေါ်မှာ တစ်နာရီကို ၁၅ကီလိုမီတာနှုန်းနဲ့ မြောက်ဘက်ကို ရွေ့လျားနေတယ်လို့ မိုးလေဝသအေဂျင်စီက ဆိုပါတယ်။
မုန်တိုင်းရဲ့ ဗဟိုမှာ လေဖိအား ၉၃၅ ဟက်တိုပက်စကယ်စ် ရှိပါတယ်။
ဗဟိုချက်အနီးမှာ တစ်နာရီကို ကီလိုမီတာ ၁၈၀ အထိ လေတွေ တိုက်ခတ်နေပါတယ်။ လေပြင်းတွေဟာ အမြန်ဆုံးအလျင်နှုန်း တစ်နာရီကို ၂၅၂ ကီလိုမီတာ ရှိပါတယ်။
မုန်တိုင်းဟာ အလွန်အင်အားကြီးနေဖွယ်ရှိပြီး သောကြာနေ့မှာ အီဇု ကျွန်းစုဆီ ချဉ်းကပ်လာနေပါတယ်။
ကြာသပတေးနေ့ကစပြီး မုန်တိုင်းအနေအထား ပိုပြင်းထန်လာဖွယ်ရှိပါတယ်။
အဲဒီ ကျွန်းစုပေါ်မှာ လေပြင်းကျပြီး သောကြာနေ့မှာTokai ၊ Kanto နဲ့ Tohoku ဒေသတွေမှာ အလွန်အားကောင်းတဲ့ လေပြင်းတွေ တိုက်ခတ်မယ်လို့ မယ်လို့ ခန့်မှန်းရပါတယ်။
မိုးကြီးမှုနဲ့ပတ်သက်ပြီး မိုးလေဝသအရာရှိတွေက သတိပေးနေပါတယ်။ သောကြာနေ့ ညနေအထိ ၂၄ နာရီအတွင်း အဲဒီကျွန်းစုမှာ မိုးရေချိန် ၃၀၀ မီလီမီတာအထိ ရွာသွန်းနိုင်ပြီး Kanto နဲ့ Tokai ဒေသတွေမှာ မိုးရေချိန် ၁၅၀ မီလီမီတာအထိ၊ Tohoku ဒေသမှာ မိုးရေချိန် ၁၀၀ မီလီမီတာအထိ ရွာသွန်းနိုင်တယ်လို့လည်း မိုးလေဝသ အရာရှိတွေက သတိပေးနေပါတယ်။
မိုးလေဝသ အေဂျင်စီက နောက်ဆုံးထုတ် မုန်တိုင်းသတင်း တွေကို သတိထား စောင့်ကြည့်ကြဖို့ လူတွေကို တိုက်တွန်းနေပါတယ်။