မစ္စတာ Suga က သူ့ရာထူးသက်တမ်းတစ်လျှောက်ကို ပြန်လည် သုံးသပ်

ဂျပန်ဝန်ကြီးချုပ် Suga Yoshihide ဟာ ရာထူးသက်တမ်းဟာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ တာဝန်ပြီးဆုံးတော့မှာ ဖြစ်တာကြောင့် မစ္စတာ Suga ဟာ သူ့သက်တမ်းတလျှောက် အောင်မြင်မှုတွေ၊ မစွမ်းဆောင်နိုင်ခဲ့တာတွေကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။

သူက ရလဒ်ကောင်းအနေနဲ့ သူ့ရဲ့ သံတမန်ရေး အောင်မြင်မှုတွေကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျနဲ့ အိန္ဒိယတို့နဲ့အတူ Quad လို့ခေါ်တဲ့ လေးနိုင်ငံမဟာမိတ်အဖွဲ့အကြား ဆက်ဆံရေး အားကောင်းအောင် မြှင့်တင်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသဖော်ဆောင်နိုင်ရေးမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာမှာ သူ့ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို သူက ထောက်ပြပြောဆိုခဲ့ပါတယ်။
တခြားတစ်ဘက်မှာ မစ္စတာ Suga က မြောက်ကိုရီးယားက အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေ အိမ်ပြန်ခေါ်လာနိုင်ဖို့ မစွမ်းဆောင်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ မစ္စတာ Suga က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ အရေးကိစ္စဟာ နိုင်ငံရေး လုပ်ငန်းစဉ်တွေရဲ့ထိပ်တန်း ဦးစားပေး လုပ်ငန်းဖြစ်ပြီး နှစ်များစွာ ဒီကိစ္စကို ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြဿနာ မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ တောင်းပန်ရမှာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ရာထူးဆက်ခံမယ့်သူဆီ ဒီတာဝန်ကို လွှဲပြောင်းပေးပါတယ်လို့ သူက ပြောကြားခဲ့ပါတယ်။