ဂျပန့်အာဏာရ LDP ပါတီဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ မစ္စတာ Kishida အနိုင်ရ

ဂျပန့်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌနေရာ ရွေးကောက်ပွဲမှာ LDP မူဝါဒရေးရာ သုတေသနကောင်စီ ဥက္ကဋ္ဌဟောင်း Kishida Fumio က အနိုင်ရခဲ့ပါတယ်။ မစ္စတာ Suga Yoshihide ရဲ့နောက်မှာ မစ္စတာ Kishida က ဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါဟာ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲရေး ဝန်ကြီး နဲ့ မစ္စတာ Kishida တို့အကြား နောက်တစ်ကြော့ ရွေးကောက်ပွဲရဲ့ ရလဒ် ဖြစ်ပါတယ်။ ဝါရင့်ပါတီဝင် ၂ဦးတို့ဟာ ပထမအကြိမ် ရွေးကောက်ပွဲမှာ မဲအရေအတွက် ၅၀ ရာခိုင်နှုန်းထက် ပိုမရခဲ့ကြပါဘူး။
ဒီ တစ်ကြော့ပြန် ရွေးကောက်ပွဲမှာတော့ မစ္စတာ Kishida က မစ္စတာ Kono Taro ကို မဲအရေအတွက် ၂၅၇- ၁၇၀ နဲ့ အနိုင်ရလိုက်တာ ဖြစ်ပါတယ်။
လွှတ်တော်အမတ်တွေဟာ နိုင်ငံရဲ့ ဝန်ကြီးချုပ် အသစ်ကို တနင်္လာနေ့မှာ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ လွှတ်တော် ၂ရပ်လုံးမှာ LDP ပါတီနဲ့ ညွန့်ပေါင်းမိတ်ဖက်ပါတီငယ် Komeito တို့က ထိန်းချုပ်ထားတာ ဖြစ်တာကြောင့် မစ္စတာ Kishida က အနိုင်ရဖို့ သေချာနေပါတယ်။