ဂျပန်က လေပူလေအေးပေးစက် ထုတ်လုပ်သူတွေရဲ့ ဆန်းသစ်တဲ့ အကြံဉာဏ်များ

ဂျပန်က လေပူလေအေးပေးစက် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဦးတည်ချက်ထားတဲ့ လုပ်ဆောင်နိုင်စွမ်းအသစ်တချို့နဲ့ ပတ်သက်ပြီး တီထွင်နေခဲ့ကြပါတယ်။ သူတို့ရဲ့ အခုနောက်ဆုံးထုတ် မော်ဒယ်တွေမှာ အခန်းထဲကလေကို အမြဲတမ်း သန့်ရှင်းနေစေမယ့် တီထွင်ဆန်းသစ်မှုတွေ ပါဝင်နေပါတယ်။

Daikin Industries ကုမ္ပဏီက အခန်းထဲမှာ လေတွေ လှောင်မနေစေဖို့ ပြင်ပက လေတွေကို သွင်းယူနိုင်တဲ့ မော်ဒယ်ကို နောက်လမှာ ဈေးကွက်တင်မှာ ဖြစ်ပါတယ်။ ပြန်လည် ဒီဇိုင်းဆွဲထားတဲ့ အငွေ့ကို အရည်အဖြစ်ပြောင်းလဲပေးတဲ့ ကိရိယာက အခန်းကို အပူအအေး လေဝင်လေထွက်ရှိအောင် လုပ်ပေးနိုင်တယ်လို့ အဲဒီ ကုမ္ပဏီက ပြောပါတယ်။
Johnson Controls-Hitachi Air Conditioning ကုမ္ပဏီက အခန်းတစ်ခန်းထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ သိပ်သည်းမှုကို လူလုပ်အသိဉာဏ် AI ကို အသုံးပြု တွက်ချက်ပြီး အခန်းပြတင်းပေါက်ကို ဘယ်အချိန်မှာ ဖွင့်ဖို့လိုအပ်သလဲဆိုတာ အသုံးပြုသူကို အသိပေးနိုင်တဲ့ မော်ဒယ်ကို တီထွင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က လူတွေအိမ်ထဲမှာ ပိုပြီးနေခဲ့ကြတာကြောင့် ဂျပန်မှာ နေအိမ်သုံး လေပူလေအေးပေးစက်တွေ စံချိန်တင်အောင် ရောင်းချခဲ့ရပါတယ်။ ဒါပေမဲ့ အခုနှစ်မှာတော့ ဝယ်လိုအားတွေ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။