တိုင်ဖွန်းမုန်တိုင်း Mindulle ပြန်လည်အားကောင်းလာနေပြီး မြောက်ဘက်ကို ရွေ့လျားနေ

တိုင်ဖွန်းမုန်တိုင်း Mindulle ဟာ ပြန်လည် အားကောင်းလာနေပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ ဂျပန်ဘက်ကို ဦးတည်ပြီး မြောက်ဘက်ကို ရွေ့လျားလာမယ်လို့ ခန့်မှန်းထားပါတယ်။

အင်အားပြင်းထန်တဲ့ အဲဒီမုန်တိုင်းဟာ အဲဒီအင်အားအတိုင်း သောကြာနေ့မှာ Izu ကျွန်းစုတွေကို ချဉ်းကပ်လာဖွယ် ရှိတယ်လို့ မိုးလေဝသအရာရှိတွေက သတိပေးနေပါတယ်။
အဲဒီမုန်တိုင်းဟာ အင်္ဂါနေ့ မွန်းလွဲ ၃ နာရီအချိန်မှာ ဂျပန်တောင်ပိုင်းက ရေပြင်ပေါ်မှာ တစ်နာရီ ၁၀ ကီလိုမီတာနှုန်းနဲ့ အနောက်မြောက်ဘက်ကို ရွေ့လျားနေတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောခဲ့ပါတယ်။
အဲဒီမုန်တိုင်းရဲ့ ဗဟိုမှာ လေဖိအား ၉၃၅ hectopascals ရှိပြီး ဗဟိုချက်အနီးမှာ တစ်နာရီ ကီလိုမီတာ ၁၈၀ အထိ လေတွေ တိုက်ခတ်နေပါတယ်။
တစ်ခါတစ်ရံမှာ တစ်နာရီ ကီလိုမီတာ ၂၅၀ အထိ ရှိတဲ့ လေပြင်းတွေ တိုက်ခတ်နေပါတယ်။
အချင်း ၁၈၅ ကီလိုမီတာအတွင်းမှာ တစ်နာရီ ကီလိုမီတာ ၉၀ ကျော် ရှိတဲ့ လေတွေ တိုက်ခတ်နေပါတယ်။
Mindulle မုန်တိုင်းဟာ ကြာသပတေးနေ့အထိအတွင်း တဖြည်းဖြည်းနဲ့ ရွေ့လျားမှု မြန်လာပြီး ပြန်လည်အားကောင်းလာနေရင်း မြောက်ဘက်ကို ရွေ့လျားသွားမယ်လို့ ခန့်မှန်းရပါတယ်။
Kanto ဒေသအပါအဝင် ဂျပန်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းရဲ့ ပစိဖိတ်သမုဒ္ဒရာဘက်ခြမ်းမှာ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် သတင်းအချက်အလက်အသစ်တွေကို စောင့်ကြည့်ကြဖို့ ပြည်သူတွေကို အရာရှိတွေက တိုက်တွန်းနေပါတယ်။