အရေးပေါ်အခြေအနေ ကြေညာချက်ကို စက်တင်ဘာလကုန်မှာ အပြည့်အဝ ရုပ်သိမ်းဖို့ ဂျပန် ဆုံးဖြတ်

ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာချက်ကို စက်တင်ဘာလကုန်မှာ အပြည့်အဝ ရုပ်သိမ်းမယ်လို့ အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက်နဲ့ အရေးပေါ်အခြေအနေထက် တစ်ဆင့်နိမ့်တဲ့ ကူးစက်မှုတားဆီးရေး ဆောင်ရွက်ချက်တွေကို ကြာသပတေးနေ့မှာ သက်တမ်းကုန်ဆုံးတဲ့အခါ ရုပ်သိမ်းမယ်လို့ ဂျပန်အစိုးရက အင်္ဂါနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။