ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာအရေးပေါ်အခြေအနေ ရုပ်သိမ်းရန် ဂျပန်အစိုးရစီစဉ်

ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာအရေးပေါ်အခြေအနေ ကို ဒေသအားလုံးမှာ ရုပ်သိမ်းဖို့သူ့ရဲ့အစီအစဉ်ကို ဆုံးဖြတ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တနင်္လာနေ့ညနေပိုင်းမှာ သက်ဆိုင်ရာဝန်ကြီးတွေနဲ့ဝန်ကြီးချုပ် Suga Yoshihide တို့ ဆွေးနွေးခဲ့ပြီးတဲ့နောက် အဲဒီဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီအရေးပေါ်ကြေညာချက်ဟာ လောလောဆယ်မှာ တိုကျို ၊ အိုစာကာ နဲ့ တခြား ခရိုင် ၁၇ ခု မှာ သက်ရောက်နေပါတယ်။ အဲဒီအစီအစဉ်ကို အပြီးသတ်လုပ်ဆောင်နိုင်ဖို့ ဂျပန်အစိုးရဟာ အင်္ဂါနေ့မှာ အစိုးရရဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့အမြင်တွေကို တောင်းခံလိမ့်မယ်လို့ တွက်ဆရပါတယ်။
တနင်္လာနေ့ စောစောပိုင်းက ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် Kato Katsunobu က သတင်းထောက်တွေကို ပြောဆိုရာမှာ ခရိုင်တစ်ခုချင်းစီဟာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် ဆေးရုံကုတင်တွေနဲ့ ရောဂါလက္ခဏာပြသမှုမပြင်းတဲ့သူတွေ အတွက် သီးသန့်ခွဲနေထိုင်ရမယ့်နေရာတွေကို တိုးမြှင့်လုပ်ဆောင်နေခဲ့ပြီဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။