တိုင်ဖွန်း Mindulle မြောက်ဘက်သို့ရွေ့ပြီး ဂျပန်သို့ဦးတည်

တိုင်ဖွန်းမုန်တိုင်း Mindulle ဟာ ဂျပန်ရဲ့တောင်ဘက်က ပင်လယ်ရေပြင်မှာရှိနေပြီး မြောက်ဘက်ဆီ ရွေ့လျားနေပါတယ်။

အင်အားအလွန်ပြင်းတဲ့ အဲဒီမုန်တိုင်းဟာ တနင်္လာနေ့ညနေ ၆ နာရီအချိန်မှာ ဂျပန်ရဲ့တောင်ဘက်အစွန်ဆုံးကျွန်းစုဖြစ်တဲ့ Okinotorishima အနီးက ပင်လယ်ပြင်မှာရှိပြီး မြောက်အနောက်မြောက်ဘက်ကို နှေးကွေးစွာနဲ့ ရွေ့လျားနေပါတယ်။
တိုင်ဖွန်း Mindulle ဟာ သူ့ရဲ့ပြင်းအားအတိုင်း ဆက်လက်ရှိနေလျက်နဲ့ အရှေ့မြောက်ဘက်ဆီ လမ်းကြောင်းပြောင်းဖွယ်ရာရှိတယ်လို့ တွက်ဆရပါတယ်။ သောကြာနေ့မှာတော့ ဟွန်ရှူးကျွန်းရဲ့ တောင်ဘက်အနီးမှာရှိတဲ့ Izu ကျွန်းစုဆီ အနီးကပ်ဆုံး ချဉ်းကပ် လာလိမ့်မယ်လို့လည်း တွက်ဆရပါတယ်။
တိုင်ဖွန်းအရှိန်ကြောင့် ကြာသပတေးနေ့ကနေ သောကြာနေ့အထိ ဂျပန်အရှေ့ပိုင်း ပစိဖိတ်ကမ်းခြေမှာ လေရော မိုးပါ ပြင်းထန်ဖွယ်ရာရှိပါတယ်။ ရာသီဥတုဆိုင်ရာအရာရှိတွေကတော့ မုန်တိုင်း Mindulle နဲ့ပတ်သက်ပြီး မပြတ်သိရှိအောင်လုပ်ဆောင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းနေပါတယ်။