တိုကျိုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁၅၄ ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က တနင်္လာနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၁၅၄ ဦး ရှိတယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

မတ်လ ၂၂ ရက်နေ့နောက်ပိုင်း ၆ လလောက်ကာလအတွင်း ၂၀၀ အောက်ကိုရောက်သွားတာ ပထမဦးဆုံးဖြစ်ပါတယ်။
တစ်နေ့တာကူးစက်မှုပမာဏ ၅၀၀ အောက်ရောက်တာ ၄ ရက် ဆက်တိုက်ဖြစ်ပြီး ၃၀၀ အောက်ရောက်သွားခဲ့တာဟာ ၂ ရက်ဆက်တိုက်လည်း ဖြစ်ပါတယ်။
တိုကျိုမှာ စိုးရိမ်လူနာ ၁၂၅ ဦးရှိပြီး တနင်္ဂနွေနေ့ကထက် ၄ ဦး လျော့နည်းသွားခဲ့တယ်လို့ မြို့တော်အရာရှိတွေက ပြောပါတယ်။ သေဆုံးသူ ၁၁ ဦးရှိတယ်လို့ သူတို့က ဆိုပါတယ်။