AI စနစ်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆေးထုတ်နိုင်ခြေကို သုတေသီများတွေ့ရှိ

ဂျပန်သုတေသီအဖွဲ့တစ်ဖွဲ့က ဖျားနာမှုတွေအတွက် ကျယ်ပြန့်လှတဲ့ဓာတုပစ္စည်းအများအပြားကနေ ကုသမှုပေးနိုင်မယ့်ဆေးတွေကို မြန်မြန်ဆန်ဆန်ဆုံးဖြတ်နိုင်တဲ့ လူလုပ်အသိဉာဏ်စနစ် (AI) ကို တီထွင်နိုင်ခဲ့ပြီလို့ ပြောဆိုလိုက်ပါတယ်။

အဲဒီစနစ်ဟာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်အတွက် ဆေးထုတ်ဖို့ဓာတုပစ္စည်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျူးရှူးတက္ကသိုလ်ရဲ့ Medical Institute of Bioregulation ဌာနက ထင်ရှားတဲ့ပါမောက္ခ Nakayama Keiichi ဦးဆောင်တဲ့ သုတေသီအဖွဲ့က ကြေညာခဲ့တာဖြစ်ပါတယ်။ သမရိုးကျအဓိကသုံးနည်းလမ်းတွေနဲ့ ကုသပေးနိုင်မယ့်ဆေး အတွက် ပါဝင်တဲ့ဓာတုပစ္စည်းတစ်မျိုးချင်းစီကို စမ်းသပ်ဓာတ်ခွဲရတဲ့အတွက် ရှာဖွေရတာဟာ အချိန်ယူပြီး အထူးကြိုးစားရပါတယ်။
သူတို့အဖွဲ့ရဲ့ AI software ဟာ ပရိုတိန်းတွေမှာပါဝင်တဲ့ ဘက်တီးရီးယားနဲ့ဓာတုပစ္စည်း ပေါင်းစပ်အမျိုးအစားပေါင်း ၂.၅ သန်းကို လေ့လာနိုင်တဲ့အတွက် သူတို့ရဲ့ကြိုးပမ်းလုပ်ဆောင်မှု တွေကို လျော့နည်းသွားအောင်ဆောင်ရွက်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
အဲဒီစနစ်ဟာ အခုဆိုရင် အကြမ်းဖျင်းအားဖြင့် ၁ မိနစ်ကို ဓာတုပစ္စည်းအမျိုးပေါင်း ၆၀၀၀ လောက်ကို လေ့လာနိုင်ပြီး သင့်လျော်တဲ့ဆေးဝါးကို ဆုံးဖြတ်နိုင်တယ်လို့ ပြောပါတယ်။