တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၂၉၉ ဦး အတည်ပြု

တနင်္ဂနွေနေ့က တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၂၉၉ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ သီတင်းပတ်ကထက် ၂၆၆ ဦး လျော့နည်းနေတာ ဖြစ်ပါတယ်။
တစ်နေ့တာ ကူးစက်မှုပမာဏ ထောင်ဂဏန်းအောက်မှာ ရှိနေတာ ၁၁ ရက် ဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။
ရောဂါပြင်းထန်သူ ၁၂၉ ဦးရှိပြီး စနေနေ့ကထက် ၂ ဦး လျော့ကျလာတယ်လို့ မြို့အုပ်ချုပ်ရေး အရာရှိတွေက ပြောပါတယ်။ သေဆုံးသူ ၁၁ ဦး ရှိတယ်လို့ အဲဒီအရာရှိတွေက ဆိုပါတယ်။