ဂျပန်တစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပြင်းထန်သူ ၁,၁၃၃ ဦး ရှိ

တနင်္ဂနွေနေ့က ဂျပန်တစ်နိုင်ငံလုံးမှာ ရောဂါလက္ခဏာပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာ ၁,၁၃၃ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

ဒါဟာ စနေနေ့ကထက် ၅၂ ဦး လျော့နည်းနေတာ ဖြစ်ပါတယ်။