အမေရိကန်နဲ့ ညှိုနှိုင်းမှု ရခဲ့ပြီးနောက် ဟွာဝေးဘဏ္ဍာရေး အကြီးအကဲ တရုတ်နိုင်ငံကို ပြန်

ကနေဒါနိုင်ငံမှာ သုံးနှစ်ကြာ ထိန်းသိမ်းခံထားခဲ့ရတဲ့ ဟွာဝေးနည်းပညာ ကုမ္ပဏီရဲ့ အမှုဆောင်အကြီးတန်း အရာရှိတစ်ဦးဟာ အမေရိကန်အာဏာပိုင်တွေနဲ့ ကြိုးစားပမ်းစား ညှိုနှိုင်းခဲ့ပြီးနောက် တရုတ်နိုင်ငံကို ပြန်သွားခဲ့ပြီလို့ သိရပါတယ်။

ဟွာဝေးနည်းပညာကုမ္ပဏီကြီးရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲ Meng Wanzhou ဟာ ၂၀၁၈ ခုနှစ်က အီရန်နိုင်ငံကို ချမှတ်ထားတဲ့ တားမြစ်ပိတ်ပင်ထားတာတွေကို ချိုးဖောက်ခဲ့တာအတွက် အမေရိကန်နိုင်ငံရဲ့ တောင်းဆိုချက်အရ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပါတယ်။ အဲဒီနောက် သူ့ကို လိမ်လည်မှုနဲ့ပါ စွဲချက်အတင်ခံခဲ့ရပါတယ်။
မီးစ် Meng ဟာ အာမခံနဲ့ ပြန်လွတ်ခဲ့ပေမယ့် Vancouver က နေအိမ်မှာပဲ တင်းကြပ်တဲ့စောင့်ကြပ်မှုအောက်မှာ နေခဲ့ရပါတယ်။
သူ့ကို လွှဲပြောင်းပေးရေးအတွက် ကြားနာချက်ကို ကနေဒါ တရားရုံးတစ်ခုက ပယ်ချခဲ့ပါတယ်။
တကယ်လို့ သူဟာ မမှန်မကန်လုပ်ခဲ့တာ တစ်ချို့ကို ဝန်ခံခဲ့မယ်ဆိုရင် လိမ်လည်မှုအပါအဝင် စွဲချက်တွေကို ပယ်ဖျက်ပေးမယ်လို့ အမေရိကန်တရားရေးဌာန က သောကြာနေ့က ပြောကြားခဲ့ပါတယ်။
မီးစ် Meng စင်းလုံးငှား လေယာဉ်တစ်စင်းနဲ့ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီးတဲ့နောက် ကနေဒါ ၀န်ကြီးချုပ် Justin Trudeau က တရုတ်မှာ ထိန်းသိမ်းခံထားရတဲ့ ကနေဒါ နိုင်ငံသား ၂ ဦးလည်း လွတ်ပြီဖြစ်ကြောင်းနဲ့ ကနေဒါကို ပြန်လာနေပြီလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အဲဒီ လူ နှစ်ယောက်ကို ၂၀၁၈ ခုနှစ်တုန်းက မီးMeng ကနေဒါမှာ ထိန်းသိမ်းခံရပြီးနောက် ချက်ချင်း တရုတ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။