တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၈၂ ဦး အတည်ပြု

စနေနေ့က တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၈၂ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

တစ်နေ့တာ ကူးစက်မှုပမာဏဟာ အရင်သီတင်းပတ်ကထက် ၄၈၀ ဦး လျော့နည်းနေပါတယ်။ ဒါဟာ ကူးစက်ခံရသူ အရေအတွက် ၁၀၀၀ အောက်ကျသွားတာ ၁၀ ရက်မြောက်နေ့ဖြစ်ပါတယ်။
စိုးရိမ်ရတဲ့လူနာ ၁၃၁ ဦး ရှိပြီး သောကြာနေ့ကထက် ၈ ဦး လျော့ကျခဲ့တယ်လို့ တိုကျိုမြို့တော်အရာရှိတွေက ပြောပါတယ်။