COVID ရောဂါမပြင်းသူများအတွက် ပေါင်းစပ်ပဋိပစ္စည်းကုထုံးဆေးဝါးသုံးရေး WHO အားပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID-19 ရောဂါ ဆိုးဆိုးရွားရွားမခံရသူတွေအတွက် ပေါင်းစပ်ပဋိပစ္စည်းကုထုံး ဆေးဝါးကိုသုံးဖို့ အားပေးနေပါတယ်။

အဲဒီလိုသုံးဖို့အားပေးတဲ့ ပေါင်းစပ်ပဋိပစ္စည်းကုထုံးဆေးဝါး ၂ မျိုးကတော့ casirivimab နဲ့ imdevimab တို့ ဖြစ်ပါတယ်။
သောကြာနေ့က အသစ်တဖန်ထုတ်ပြန်ခဲ့တဲ့ COVID-19 ကုသရေးလမ်းညွှန်ချက်ထဲမှာ အဲဒီလိုသုံးဖို့ညွှန်းတဲ့ အားပေးချက်ကို WHO က ထည့်သွင်းထားပါတယ်။
လက်တွေ့စမ်းသပ်မှုတွေအရ သမရိုးကျကုထုံးထက် အဲဒီကုထုံးဟာ အချိန်တိုအတွင်း နာလန်ပြန်ထူလာတယ် ဆိုတာနဲ့ ပြင်းပြင်းထန်ထန်ဖျားနာတာမျိုးဖြစ်တာနဲ့ ဆေးရုံတင်ရတဲ့ အနေအထားကို လျော့နည်းစေတဲ့ရလဒ်ကို ပြသနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ရှိနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဆေးဝါးတွေဟာ စျေးကြီးပြီး ရရှိဖို့ကလည်း အကန့်အသတ်နဲ့ဖြစ်နေပါတယ်။
အဲဒီနိုင်ငံတွေကို လှူဒါန်းဖို့ဖြစ်နိုင်ခြေအပါအဝင် ဆေးဝါးအတွက်အကူအညီပေးဖို့ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို WHO က မေတ္တာရပ်ခံနေပါတယ်။