ဖူကုရှီမ ဓာတ်အားပေးစက်ရုံက ရေတွေ စွန့်ပစ်ရေး အစီအစဉ်ကို တောင်ကိုရီးယား အပြစ်တင်

ကုလသမဂ္ဂရဲ့ နျူကလီးယားအေဂျင်စီ အစည်းအဝေးမှာ ဂျပန်နဲ့ တောင်ကိုရီးယားတို့ သဘောထားကွဲလွဲခဲ့ကြပါတယ်။

ဖူကုရှီမ ခရိုင်မှာရှိတဲ့ ထိခိုက်ပျက်စီးနေတဲ့ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံကနေ ပြုပြင်ထားတဲ့ရေတွေကို စွန့်ထုတ်မယ့် ဂျပန်ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့တာ ဖြစ်ပါတယ်။
ဗီယင်နာမြို့မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ အထွေထွေညီလာခံမှာ တောင်ကိုရီးယားရဲ့ သိပ္ပံဆိုင်ရာ အကြီးတန်း ဒုတိယဝန်ကြီး Yong Hong-taek က မိန့်ခွန်းပြောကြားခဲ့ရာမှာ ဂျပန်ရဲ့ အဲဒီ အစီအစဉ်နဲ့ပတ်သက်ပြီး စိတ်မသက်သာ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မစ္စတာ Yong က ဖူကုရှီမ အမှတ် (၁) နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေး စက်ရုံကနေ အဲဒီလို ရေတွေထုတ်လွှတ်ဖို့ အစီအစဉ်ကို သက်ဆိုင်ရာ နိုင်ငံတွေနဲ့ လုံလုံလောက်လောက် ဆွေးနွေးတိုင်ပင်မှုမရှိဘဲ ဂျပန်အစိုးရက တစ်ဖက်သတ် ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ဂျပန်အနေနဲ့ ပြန်စဉ်းစားဖို့ သူက တိုက်တွန်းခဲ့ပါတယ်။
ဂျပန် သံအမတ်ကြီး Hikihara Takeshi က ဂျပန်အစိုးရ ဟာ IAEA နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက် နေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ သူက ဂျပန်ဟာ နှစ်နိုင်ငံအတွင်း ၊ ဒေသတွင်းနဲ့ နိုင်ငံတကာမှာပါ ဆွေးနွေးမှုတွေ ကို လုပ်ဆောင် ရင်း သိပ္ပံနည်းကျ အထောက် အထား တွေ အပေါ် အခြေခံထားတဲ့ သတင်းအချက် အလက် တွေ ပေးနေတယ်လို့ ဆိုပြီး မစ္စတာ Yong ရဲ့ ပြောဆိုချက်ကို ပြန်လည် ချေပခဲ့ပါတယ်။