တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅၆၅ ဦး အတည်ပြု

တနင်္ဂနွေနေ့က တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅၆၅ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

တစ်နေ့တာ ကူးစက်မှုပမာဏဟာ လွန်ခဲ့တဲ့ သီတင်းပတ်ကထက် ၅၀၂ ဦး လျော့ကျလာပြီး သီတင်းပတ်အလိုက်နှိုင်းယှဉ်ရာမှာ လျော့ကျလာတာ ၂၈ ရက် ဆက်တိုက် ရှိသွားပြီ ဖြစ်ပါတယ် ။
တိုကျိုမြို့မှာ ၄ ရက် ဆက်တိုက်တစ်နေ့တာ ကူးစက်မှုပမာဏ တစ်ထောင်အောက်မှာ ရှိနေတာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့အထိ ၇ ရက်တာ ပျှမ်းမျှပမာဏဟာ ၈၁၅.၃ တစ်နည်းအားဖြင့် အရင်သီတင်းပတ်က ပမာဏရဲ့ ၅၈.၉ ရာခိုင်နှုန်း ရှိနေပါတယ်။
ရောဂါပြင်းထန်သူ အရေအတွက်ဟာ တနင်္ဂနွေနေ့မှာ အရင်နေ့ကထက် ၆ ဦး လျော့နည်းပြီး ၁၇၁ ဦး ရှိတယ်လို့ မြို့အုပ်ချုပ်ရေး အရာရှိတွေက ဆိုပါတယ်။