Chanthu မုန်တိုင်း လေဖိအားနည်းရပ်ဝန်း ဖြစ်လာ

အပူပိုင်းမုန်တိုင်း Chanthu ဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲသွားပြီလို့ ဂျပန်မိုးလေဝသအရာရှိတွေက ပြောလိုက်ပါတယ်။

နိုင်ငံတောင်ပိုင်းက စိုစွတ်တဲ့လေတွေသယ်ဆောင်လာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ဂျပန့်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်စေတယ် လို့ ဂျပန့် မိုးလေဝသအေဂျင်စီ အရာရှိတွေက ပြောပါတယ်။ Kanto, Shizuoka နဲ့ Hokkaido ခရိုင်တွေမှာ ဒေသအလိုက် မိုးတိမ်ထုတွေ ဖြစ်ပေါ်နေပါတယ်။
မုန်တိုင်း Chanthu ဟာ ဂျပန်ကျွန်းစုကနေဝေးရာ အရှေ့ဘက်ကို ရွေ့လျားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ဂျပန့်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ နောက်ထပ်လေဖိအားနည်းရပ်ဝန်းနဲ့ မိုးရွာသွန်းမှုကြောင့် လေထုအခြေအနေကတော့ ဆက်လက်မတည်မငြိမ် ဖြစ်နေဦးမယ်လို့ အရာရှိတွေက ဆိုပါတယ်။ တနင်္ဂနွေနေ့အထိ ဂျပန့်အရှေ့ပိုင်း ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းတစ်လျှောက်မှာ ဒေသအလိုက် မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်နိုင်တယ်လို့ သူတို့က ခန့်မှန်းထားပါတယ်။
တနင်္ဂနွေနေ့ ညနေအထိ ၂၄ နာရီအတွင်း မိုးရေချိန် Kanto-Koshin ဒေသမှာ ၁၅၀ မီလီမီတာ ၊ Hokkaido မှာ ၁၀၀ မီလီမီတာ ၊ Tokai နဲ့ Tohoku ဒေသမှာ ၈၀ မီလီမီတာ အထိ အသီးသီး ရွာသွန်းနိုင်ပါတယ်။
လေပြင်း ဆက်လက်တိုက်ခတ်မှာ ဖြစ်ပြီး ဂျပန့်အရှေ့ပိုင်း ပင်လယ်ပြင်မှာ တနင်္ဂနွေနေ့အထိ လှိုင်းကြီးနိုင်ပါတယ်။