Toyota ဦးဆောင်တဲ့ EV စီမံကိန်းမှာ Suzuki နဲ့Daihatsu ကုမ္ပဏီတွေ ပူးပေါင်းပါဝင်မယ်

ဂျပန်နိုင်ငံမှာ တန်ဖိုးနည်း အသေးစား လျှပ်စစ်မော်တော်ယာဉ်တွေ တီထွင်ထုတ်လုပ်မှု အရှိန်မြှင့်တင်ဖို့အတွက် ဂျပန်မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတချို့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

Suzuki Motor နဲ့ Daihatsu Motor ကုမ္ပဏီတို့ဟာ Toyota Motor ဦးဆောင်တဲ့ ဖက်စပ်ကုမ္ပဏီမှာ ပါဝင်ကြဖို့ စီစဉ် နေပါတယ်။
Suzuki နဲ့ Daihatsu ကုမ္ပဏီတို့ဟာ အဲဒီဖက်စပ်ကုမ္ပဏီရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းစီကို အသီးသီး ရယူဖို့ စီစဉ်ထားတယ်လို့ အဲဒီ ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိတွေ က ဆိုပါတယ်။ ဒါဟာ လျှပ်စစ်ထရပ်ကားတွေအတွက် လိုအပ်တာလိုမျိုး နည်းပညာတွေကို ဖွံ့ဖြိုးစေဖို့အတွက် ဖြစ်ပါတယ်။
Suzuki နဲ့ Daihatsu ကုမ္ပဏီတွေဟာ အသေးစား မော်တော်ကားတွေ ထုတ်လုပ်တာမှာ ထူးချွန်ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်တာကနေ မော်တော်ယာဉ်ဆိုင်ရာ ဆက်သွယ်ရေး နည်းပညာတွေကို အသုံးပြုခြင်းအားဖြင့် မော်တော်ကား ဖြန့်ဖြူးမှုကို ပိုမိုထိရောက်စေမယ့် စနစ်တစ်ခုကို စတင်ဖို့လည်း စီစဉ်နေကြပါတယ်။
ထရပ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်ကြတဲ့ Isuzu Motors နဲ့ Hino Motors တို့ဟာ အဲဒီပူးတွဲကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံ ထားပြီးဖြစ်ပါတယ်။
အသေးစား မော်တော်ယာဉ်တွေ ကနေ ထရပ်ကားတွေအထိ ကားအချင်းချင်း ဆက်သွယ်မှုနဲ့ အလိုအလျောက် မောင်းနှင်မှု လိုမျိုး နယ်ပယ်တွေမှာ CASE လို့ခေါ်တဲ့ နည်းပညာကို ကျယ်ကျယ် ပြန့်ပြန် အသုံးချဖို့ အဲဒီကားထုတ်လုပ်သူတွေက ရည်ရွယ်ထားပါတယ်။